စား၊သောက် ထုတ်ကုန် ကြာရည်ခံရန်နှင့် အဆင့်မြင့်ထုတ်ကုန်ဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ပိုးသတ်ခြင်း စံနစ်။ ( Products Pasteurization Process )

ကျွန်တော်တို့ နေ့စဉ် စားသောက်နေကြတဲ့ အသင့် ထုတ်ပိုး စားသောက် ထုတ်ကုန်များဖြစ်စေ ၊ ထုတ်ပိုးရန် မလိုအပ်သော စားသောက်ကုန်များဖြစ်စေ ၊ စားသောက်ကုန်အမျိုးမျိုး မှာ ကြာရှည်ခံ ပြီး ထားရှိ ရောင်းချန် အတွက် ဓါတု ဆေးဝါး အသုံးပြုမှု နည်းပါးပြီး ၊ သတ်မှတ်အချိန် အတိုင်းအတာ အတွင်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေသော အကျိုးမပြု ပိုးမွှားပေါက်ပွားမှုမရှိ စေရန် (သို့ ) ပိုးပေါက်ပွားမှုကို ဟန့်တား ထိန်းချုပ်ဖို့ အတွက် ( Eliminate Pathogens and Extend Products Life ) ၊ သန့်ရှင်းစွာဖြင့် အပူချိန် ထိန်းညှိကာ ပိုးမွှား ကင်းစင်စေသော စံနစ် ကတော့ Pasteurization Process ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ FDA ( Food and Drug Administration ) Standard နှင့် အညီ ကုန်ထုတ် ၊ ထုတ်ပိုးခြင်း ရောင်းချခြင်း စံနစ်လည်း ဖြစ်ပါတယ်။
စား သောက် ကုန် များ အတွင်းမှာ ခန္ဓာကိုယ် ရဲ့ ခုခံနိုင်မည့်စွမ်းအင် Anti body ကို ပျက် ပြားစေတဲ့ အကျိုးမပြုပိုး ( microorganisms ) များက စားသုံးသူကို ဖျားနာ ၊ ဝမ်းပျက် ၊ ဝမ်း ကိုက် ၊ မအီမသာ ဖြစ်ခြင်း တို့ ကို ဖြစ်စေ နိုင် တဲ့ အတွက် အပူချိန် 100’C ရဲ့ အောက် မှာ သတ်မှတ် အချိန်ကို ထိန်းချုပ် ကာ Pasteurization Process ကို လုပ်ကြပါတယ်။

Pasteurization ကို ဘယ်အချိန် ၊ ဘယ်သူက စတင်လုပ်ကိုင်ခဲ့တာလဲ?

တရုတ် ပြည်မှာ AD1117 မှစတင်ခဲ့ပြီး ၊ ဂျပန် မှာတော့ နို့ လုပ်ငန်း တွေ မှာ AD 1478 နှင့် 1678 ကြား ၊ ရဟန်း များ မှ စတင် အသုံးပြုခဲ့ကြတယ်လို့ ဆိုကြပါတယ်။1880 ခုနှစ်မှာတော့ ပြင်သစ်လူမျိုး အဏုဇီဝပညာရှင်
Mr Louis Pasteur က စားသောက်ကုန်များ အတွင်းမှ ကူးစက်နိုင်တဲ့ အကျိုးမပြု ပိုးမွှားများကို အပူနှင့် အချိန် ကို ထိန်း ချုပ် အသုံး ပြုပြီး သတ်မှတ်အချိန် အတိုင်းအတာ အတွင်း သန့်စင်စေ တဲ့ စံနစ် ကို ရှာဖွေတွေ့ရှိ ပြသနိုင်ခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှု ကြောင့် လူ့ အသက်ပေါင်း များစွာ ကို ကယ်တင် စေနိုင် ခဲ့တဲ့ အပြင် နည်းစံနစ် အမည် ကို လည်း Pasteurization ဆိုပြီး သူ့မည်ကိုအစွဲပြုကာ Global မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အများအားဖြင့်မည်သည့်ထုတ်ကုန်တွေမှာ အသုံးပြုဘို့ လိုအပ် သလဲ?

– နို့ အမျိုးမျိုး ( Milk )
– နို့ထွက်ကုန်သုံး ထုတ်ကုန်အမျိုးမျိုး ( Dairy Products )
– ဥ အမျိုးမျိုး အသုံး ပြု ထုတ်ကုန် များ ( Eggs Products )
– ဘီယာ ( Brewery )
– ဝိုင် အမျိုးမျိုး ( Wines )
– ဆီသွတ် ဘူး ထုတ်လုပ် ခြင်း ၊ ဘူး သွတ် စား သောက် ကုန် အမျိုးမျိုး ( Canned food )
– အချို ရည် အမျိုးမျိုး ( Juices )
– Lower alcoholic အချိုရည် ထုတ် ကုန် အ မျိုး မျိုး ( Low alcoholic beverages )
– စေးပျစ် သော သကြား ရည် ပါ သဘာဝ အရသာ ထုတ်ကုန် များ ( Syrups )
– ရှာလကာရည် အမျိုး မျိုး ( Vinegar )
– သောက်သုံးရေ ၊ တက္ကသိုလ် နှင့် ဆေးရုံ သုံး၊ ဆေးဝါးထုတ်ကုန် များ သုံးရေ ( Water )
– သစ်သီး၊ အစေ့၊ အဆံ ပါ ဝင် ထုတ်ကုန် များ ( Nuts )
နှင့် အခြားထုတ်ကုန် အမျိုးမျိုး ဖြစ်ကြပြီး အများအား ဖြင့် အရည် ထုတ်ကုန်တွေ ကို ရေအေး ၊ ရေပူ ၊ ရေနွေးငွေ့ များ အခြေခံ တွက် ချက် Design ရေးဆွဲ ကာ Plate Heat Exchanger များကိုအသုံးပြုခြင်းဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်ထိတွေ့ စေခြင်းဖြင့် သော်လည်းကောင်း Pasterurization Process ကိုလုပ်ဆောင်ကြပါတယ်။

ဗဟုသုတဖြစ်စရာ

နို့ အမျိုးမျိုး ထုတ်ကုန်များ မှာတော့ အကျိုးမပြုပိုး ပေါက်ပွား ရန် အလွန်ပင်လျင်မြန်လှပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေး ကော်မတီ ( CDC ) မှတ်တမ်းအရ အကျိုးမပြုပိုး မသန့်စင် ရသေးတဲ့ နို့ အမျိုးမျိုးနှင့် ဆက်စပ် ထုတ်ကုန်စားသုံး ခြင်း က အခြားစားသောက်ကုန်များနှင့် နှိုင်းယှဉ် လျှင်စားသောက်ကုန်မှဖြစ်ပွားစေတဲ့ရောဂါ သုံးဆခန့် ပိုမိုများပြားခြင်း ပါပဲ။
Pasteurization လုပ်ပြီးသား ထုတ်ကုန်တွေကတော့ Tuberculosis , Brucellosis , Diphtheria , Scarlet fever , Q-fever အစရှိတဲ့ ရောဂါ များနှင့် ဆက်စပ်ရောဂါ ဖြစ်စေတဲ့ပိုးတွေကို ချေဖျက်စေနိုင်ခြင်း တို့အပြင် Salmonella , Listeria , Yersinia , Campylobacter , Staphylococcus Aureus , Escherichia coli O15:H7 ကဲ့သို့သော Harmful Bacteria တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။
1912 မှ 1937 ခုနှစ် အတွင်း က မြို့နှင့်ဝေးကွာသော အစွန်အဖျား နယ်များ တွင် စားသောက်ကုန်ထုတ် စက်ရုံကြီး များ နည်းပါး တဲ့ အတွက် နို့ထွက် ပစ္စည်း များတွင် Pasteurization လုံလောက်အောင် မလုပ်နိုင် သဖြင့် England နှင့် Wales မှာပင် Tuberculosis ရောဂါကူးစက်မှု ဖြင့် လူပေါင်း 65,000 ခန့် အသက် ဆုံးရှုံး ခဲ့ ရပါတယ်။
နှစ်ပေါင်းများစွာကြာသည်အထိလည်း အကျိုးမပြုပိုး သန့်စင်မှု မပြုလုပ်ခဲ့တဲ့ နို့ ( Un-Pasteurized Milk ) ကြောင့် လူများစွာ Tuberculosis ရောဂါ ကူးစက်ပြန်ပွားနေတာကို မသိရှိခဲ့ ပဲ 1892 မှာတော့ ဓါတုဗေဓ ပညာရှင် Ernst Lederle က ရောဂါဖြစ်ပွား ရာ အဆင့်ဆင့်တွေကနေ စတင် တဲ့ နေရာကို တွေ့ ရှိ့ ခဲ့ရပါတယ်။
ယနေ့ ခေတ်မှာ တော့ Package Pasteurizer များ ကို Heat Exchanger များဖြင့် တည်ဆောက်လာကြပြီး Steam , Hotwater , Re-Generation , Tower Water , Cold Water များ တစုတဝေးတည်း ပါဝင် လာခြင်းဖြင့် Product ကို ထုတ်ကုန်ပမာဏ များများမှာတောင် လွယ်ကူစွာဖြင့် Direct Filling / packaging ပြုလုပ်နိုင်နေပါပြီ။

Myan Steam Engineering က 2016 မှာ ပြည်တွင်း မှာပဲ တည်ဆောက်ခဲ့တဲ့ Product တစ်နာရီ 8,000 Liter ထုတ်ကုန် Complete Package အမှတ်တရလေးပါ။

 

Complete System Solutions , We Designed and Proudly Fabricated into Myanmar !!!
Myan Steam Co. Ltd
info@myansteam.com
09 262 707 732