Process Analyzer ( or ) Liquid / Gas Analyzer

Process Analyzer ( or ) Liquid / Gas Analyzer

 
( Global Point of View )
လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ခေတ်မီ စက်မှုနိုင်ငံ တည်ဆောက်ရန် အရေးကြီးသည်နှင့် အမျှ ပတ်ဝန်းကျင်၊သဘာဝအရင်းအမြစ်များ ပျက်စီးမှုကိုနည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းရန် တာဝန်ရှိပညာရှင်တွေရဲ့ အရေးကြီးလှတဲ့ စံနှုန်းဖြင့် ကိုက် ညီမှု ရှိ၊မရှိ စစ်ဆေးခြင်း။
( Design Engineer Point of View )
ခေတ်မီနည်းပညာဖြင့် စက်မှုကုန်ထုတ် စက်ရုံ တည်ဆောက်ကြမည့် ( OPC , Waste and Water Treatment , Metal Casting , Cement , Engine & Power Generation Design ) ပညာရှင်များ က လည်း မိမိ Project တည်ရှိရာနိုင်ငံရဲ့ စံ၊ စည်းစနစ် နှင့်လည်းညီ ၊ Investor အကျိုးစီးပွားလည်းဖြစ်ထွန်း ၊ ထုတ်ကုန် Products များ အရည်သွေးမြင့်မားမှုအတွက် လိုအပ်တဲ့ ဓါတုဒြပ်ပေါင်း၊ဒြပ်စင်တို့ ကိုတည်ငြိမ်အောင် နှင့် ပေါက်ကွဲ ပျက် စီး ခြင်း မရှိ ဘဲ အစဥ်မပြတ် လိုအပ်သလို ထိန်းချုပ်ချိန်ညှိနိုင် သော လုပ်ဆောင်ခြင်းများအတွက်
( Process Analyzer ) များ ကို တပ်ဆင် အသုံးပြုကြပါတယ်။
ဘယ်လိုလုပ်ငန်းအမျိုးအစား တွေမှာ အသုံးပြုကြမလဲ?
( 1 ) စက်ရုံ မီးခိုးခေါင်းတိုင် မှ လေထု ညစ်ညမ်းစေမှု ပမာဏ စစ်ဆေးခြင်း ၊ ထိန်းချုပ် မောင်းနှင်ခြင်း( Stack and flue gas emissions Monitoring )
( 2 ) ဖန်လုံအိမ် ဓါတ်ငွေ့ ပမာဏ စစ်ဆေးအတည်ပြုခြင်း ( Greenhouse gases )
( 3 ) ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ရည်ချက် စက်ရုံများရဲ့ တည်ငြိမ်မှု အရည်အသွေးကို စဥ်ဆက်မပြတ် စစ်ဆေး ခြင်း ( Fuel cell analysis )
( 4 ) မီးရှို့ လောင်ကျွမ်းစေခြင်းဖြင့် အမြင့်ဆုံး စွမ်းအင်ပမာဏဖြစ်တည် ရရှိမှုတည်ငြိမ်စေခြင်း ( Combustion Efficiency )
( 5 ) ဆေးဝါး ၊ ဓါတု ထုတ်လုပ်ခြင်း ၊ ဆေးရုံ နှင့် သန့်စင်ဓါတ်ခွဲခန်း အတွက် ပိုးမွှားကင်းစင်သောလေကို တိုင်းတာစစ်ဆေးခြင်း ( Air quality and Industrial hygiene )
( 6 ) လူမှုပါတ်ဝန်းကျင်လေထုတွင်း သန့်စင်မှု ပမာဏ စစ်ဆေးခြင်း ( Air pollution monitoring )
( 7 ) အဆက်မပြတ်မောင်းနှင်နေသောစက်ရုံ ၊ ယာဉ် ၊ ရထား ၊ သင်္ဘော ၊ ယန္တရားများမှ စွန့်ပြစ် အခိုးငွေ့ များကိုတိုင်းတာ ထိန်းချုပ် ခြင်း ( Continuous emissions Monitoring )
( 8 )ထုတ်ကုန် ဓါတု အရည်သွေး တည်ငြိမ်မှု စစ်ဆေးခြင်း ( Process Monitoring )
( 9 ) အင်ဂျင်များ စမ်းသပ်ချိန်ညှိ မောင်းနှင် စမ်းသပ်ခြင်း ( Engine testing )
( 10 ) ဓါတ်ငွေ့များ သန့်စင်မှု ပမာဏ တိုင်းတာခြင်း ( Gas purity )
( 11 ) ရေနံ ၊ ဓါတုသန့်စင် စက်ရုံများ ပေါက်ကွဲပျက်စီးမှု မဖြစ်အောင် လုံခြုံ မှု ရရှိစေရေး ( Safety )စသည့်ဆက်စပ် လုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်။
 
For correct product’s selection and technical sizing
please contact :
Myan Steam Co. Ltd
admin@myansteam.com
09 262 707 732
Bld Q – Room No.3 , Thiri Yadanar Wholesales Market , Thudamar Road , North Okklapa Township , Yangon , Myanmar.