Diesel နှင့် စေးပျစ်သော ဆီ အမျိုးမျိုးကို တိုင်းတာ နိုင်သော Flow Meter

Gear Flow Meter ( သို့ ) Positive Displacement Flow Sensor ကတော့ ဆီ အမျိုးမျိုး နှင့် ချောဆီ အမျိုးမျိုးတို့ကို တိုင်းထွာနိုင်ခြင်း
( Consumption Measurement ) ၊ တိကျတဲ့ ဖြည့်သွင်းမှုကို တိုင်းတာနိုင်ခြင်း ( Control of filling operations ) ၊ ရောစပ်ရာတွင် တိကျစေခြင်း ( Dosage of oil and chemical ) ၊ သုတ်ဆေး၊မှုတ်ဆေး တို့ကို အမျိုးမျိုး ရောစပ် ထုတ်လုပ်ခြင်း ( Flow measure of paint and varnishes ) ၊ သဘာဝမှထုတ်လုပ်ထားသော ဓါတု ပစ္စည်းအမျိုးမျိုးကိုရောစပ်ထုတ်လုပ်ခြင်း ( Ratio control of polyol and isocyanate ) အစရှိ သော လုပ်ငန်း အမျိုးမျိုးမှာ အသုံးပြုကြပါတယ်။

မိမိ တိုင်းလိုတဲ့ အရည် ရဲ့ ပျစ်စေး မှု ( Liquid Viscosity ) ကိုတော့ အမျိုးအစား အလိုက် ( 1 to 100 000 mm2/s ( cSt – cemtiStokes ) အထိ တိုင်းတာ နိုင်မှာဖြစ်ပါတယ်။ စီးဆင်း အရည် အပူချိန် 120’C ထိ အသုံးပြုနိုင် တဲ့ အပြင် Pressure ကတော့ ပုံမှန် ထုတ်ကုန် မှာ 400 Bar အထိ အသုံးပြုနိုင်ပြီး အထူး အနေနဲ့တော့ High Pressure Range သီးသန့် ရရှိနိုင် ပါတယ်။ အဝင် နှင့် အထွက် High pressure differential မှာအသုံးပြုတဲ့ Product တွေဖြစ်လို့ Pressure Differential က များတဲ့ Flow Rate ကိုရစေတဲ့အပြင် High Accuracy ကိုလည်းရစေပါတယ်။
သတိပြုရမှာတော့ Positive Displacement Flow Sensor အမျိုးအစား ကို ရေ ( Water ) လို Non-lubrication media တွေမှာ အသုံး မပြုသင့်ပါဘူး။
Material selection အနေနဲ့ Stainless Steel , Ductile Iron နှင့် Aluminum တို့ကို မိမိ တိုင်း လို သည့် အရည် အမျိုးအစားပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
တိုင်းထွာခြင်း တိကျမှု ကတော့ ( Measuring accuracy ) အမျိုးအစားလိုက် မိမိနှစ်သက်ရာ ရွေးချယ်နိုင်မှာဖြစ်ပြီး VZGG / VZVA Product တွေကတော့ တိုင်းထွာမှု ရဲ့ Accuracy + / – 0.3 % အထိ ရရှိစေပါတယ်။
Positive Displacement Flow Sensor မှာ အသေးဆုံး Size က DN3 မှ DN25 ( G1/8″ to 1″ ) အထိ ရွေးချယ်ရရှိ နိုင်ပြီး VZ5 model DN25 ( 1″ ) က 300 mm2/s ( cSt ) အရည်ကို Differential Pressure 6 Bar မှာ 15,000 Liter/ hr ( Est: 4,000 Gallons / hr) ထိ တိုင်းတာနိုင်ပါတယ်။
SIKA only made in Germany!!!

Myan Steam Co. Ltd
info@myansteam.com
09 262 707 732