Measuring Flow ( Flow Meter )

Vortex နည်းစံနစ် အသုံး ပြုတည်ဆောက်ထားတဲ့ Flow measurement Product ကိုတော့ Vortex Flow Meter လို့ ခေါ် ကြပါတယ်။ဘယ်သူတွေကဒီနည်းစံနစ်ကိုစတင်တွေ့ရှိခဲ့ပါလဲ?အီတလီ ( Italy ) နိုင်ငံဖွား လီယိုနာဒိုဒါဗင်ချီ ( Mr. Leonardo dar Vinci ) က တစ်ဆယ့်ခြောက်ရာစု နှစ်မှာ Vortex ဖြစ်စဉ်ကို တွေ့ရှိ မှတ်တမ်းတင်ခဲ့ပြီးနောက် နှစ်ပေါင်း လေးရာအကြာမှာတော့ ဟန်ဂေရီ ( Hungary ) နိုင်ငံသား ရူပဗေဒ ပညာရှင် သီအိုဒိုရီဗွန်ကာမန် ( Mr.Theodore von Ka’rma’n ) က Vortex နည်းကိုအသုံးပြုပြီး စီးနေတဲ့ Flow ကို တိုင်းတာနိုင်တာကို တွေ့ရှိခဲ့ပါတယ်။Vortex ကိုဘယ်လို ဖြစ်စေခဲ့လဲ ?အရည် ၊ အငွေ့ စီးနေတဲ့ ပိုက်လိုင်းများမှာ Vortex Flow Meter ကိုကြားဖြတ်တပ်ဆင်ကြပြီး Flow Meter အတွင်းပိုင်း မှာ ကတော့ပုံ ပြောင်းလဲလည်ပတ်စေခြင်း ( Vortex Flow ) ကိုဖြစ်စေရန်အပေါ်မှအောက်သို့ ဆက် သွယ်ထားသော ကန့်လန်ခံ အပြားကို ပိုက်ရဲ့ အလည်မှာဆက်ထားပြီး ပိုက်အတွင်းစီးလာတဲ့ အရာ ( Media ) က ရိုက်ခတ်စေပါတယ်၊ ရိုက်ခတ်မှုကြောင့်ပြောင်းလဲသွားတဲ့ ကတော့ပုံ ပြောင်းလဲလည်ပတ်ခြင်း ( Vortex Flow ) က ကြိမ်နှုန်းဖမ်း ကိရိယာ ( Frequency Sensor ) ကို ပိုက်အတွင်းစီးဆင်းနေတဲ့အရာ အနည်းအများ အလိုက် မတူညီတဲ့ Vortex ကြိမ်နူန်း ကို Sensor မှ တဆင့် Transmitter ကို သိရှိစေပြီး ပိုက်အတွင်း မည်မျှစီးနေသည် ကိုတွက်ချက် ပါတယ်၊ အချို့ Manufacturer Product ‘s တွေမှာတော့ ကြိမ်နှုန်း Sensor အပြင် အပူချိန်တိုင်း Sensor ပါတပ်ဆင်ထားတာဖြစ်လို့ အပူ ၊ အအေး စွမ်းအင် မည်မျှနာရီတိုင်း မည်မျှ အသုံးပြုနေ သလဲ၊ မည်မျှ ပေးဝေ နေသလဲ ဆိုတာကိုပါ Transmitter မှ အလို အလျှောက် တွက်ယူ မှတ်ထား နိုင်ပါတယ်။Vortex type flow meter ကို ဘယ်လို Media တိုင်းတာ တဲ့နေရာတွေမှာအသုံးပြုကြပါသလဲ ?ရေနွေးငွေ့ ( Steam ) ၊ ဖိအားမြင့် လေ ( Compressed Air ) ၊ ဖိအားမြင့် ဓါတု ဓါတ်ငွေ့အမျိုးမျိုး ( Industrial Gas , Liquifined Gas) ၊ သောက်သုံးရေ ( Drinking Water ) ၊ ရေနံဓါတု အမျိုးမျိုး ( Oil and Petrol Chemical ) ၊ စေးပျစ် နှင့် မစေးပျစ်သော အရည်အမျိုးမျိုး ၊ ( Industrial Liquid ) အ မျိုးမျိုးတို့ မှာ လိုအပ်သလို အသုံးပြုကြပါတယ်။Products Material Selectionမိမိ အသုံးပြုတပ်ဆင်လိုတဲ့ Media နှင့် Temperature , Pressure ပေါ်မူတည်ပြီး Plastic , Bronze , Steel , Stainless Steel တို့ကို လည်းရွေးချယ်နိုင်ပါသေးတယ်။

See some photos of vortex flow meter at Myan Steam Co. Ltdadmin@myansteam.com09 262 707 732Bld Q – Room No.3 , Thiri Yadanar Wholesales Market , Thudhamar Road , North Okklapa Township , Yangon , Myanmar.