Pressurized Boiler Feed Tank ( Deaerator Tank )

Pressurized Boiler Feed Tank ( Deaerator Tank ) ဘာဖြစ်လို့သုံးရန်လိုအပ်တာလဲ ?

Thermal Industrial လုပ်ငန်းကြီးများမှာအသုံးပြုနေတဲ့ Steam Boiler House နှင့် Steam Operation System တစ်ခုလုံးကို သက်တမ်းပြည့် ရေရှည်ပျက်စီးခြင်း မရှိစေပဲ တည်တန့်ခိုင်မြဲစွာအသုံးချနိုင်မှုနှင့် ပြည့်ဝတဲ့စွမ်းအင် ရရှိမှုကို တော့ Steam Operation System တစ်ခုလုံး ကိုစတင် တည်ဆောက်ရန် ပုံစံ ရေးဆွဲစဉ်ကပင် ထည့်သွင်း တွက်ချက်ရေးဆွဲရန် အလွန်အရေးပါလှပါတယ်။

ရေနွေးငွေ့ အပူ နဲ့ တည်ဆောက်ထား တဲ့ Boiler House and Process System တစ်ခုလုံးရဲ့  အဓိက အပူကူးယူတဲ့ ရေနွေးငွေ့ (Steam) က မူလအရင်းမြစ် ရေ (Water) ကနေ အပူစွမ်းအင်ကြောင့် Gas Phase (Steam) ပြောင်း လဲ လာပေမဲ့ ၊ မတူ ကွဲပြားတဲ့ရေ အရင်းအမြစ်များ မတူညီမှု ကြောင့် ရေအတွင်း ပျော်ဝင်နေတဲ့ ဒြပ်ပေါင်း ပါဝင်မှုကလည်းမတူညီတော့ပါဘူး။

ရေအတွင်းပါဝင်နေတဲ့ ဒြပ်ပေါင်း အမျိုးမျိုး ကို ရေသန့်စင်ခြင်း နည်းစံနစ် အမျိုးမျိုးဖြင့် သန့်စင်ကာ အညှိဖြစ်စေ သော ( Dissolve solid & non-condensation gas ) ဒြပ်ပေါင်း ပါဝင်မှု ဖယ်ထုတ်သန့်စင် ကာ Boiler Feed Tank အတွင်း ၊ သန့်စင်ပြီးရေကို Automatic Leveling Control လုပ်ပြီး Steam Boiler အတွင်း ဖြည့်တင်းကာမောင်းနှင်ကြပေမဲ့ ရေ အတွင်း ပျော်ဝင်နေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ( Carbon dioxide ) နှင့် အောက်စီဂျင်      ( Oxygen) ကတော့ သန့်စင်ရေအတွင်းမှာလဲ ကျန်ရှိပျော်ဝင်နေဆဲပါပဲ ။ PH Level နိမ့်ကျလေ ကာဗွန်ဒိုင်အောက်ဆိုဒ် ( Carbon dioxide ) များစွာပါဝင်လေ ဖြစ်စေခြင်းအပြင်၊ ရေ ( H2O ) အတွင်းပျော်ဝင်နေသော Oxygen ကလည်း ရေတွင်း အပူချိန်နိမ့်ကျလေ ပိုမိုပါဝင်လေဖြစ်ခြင်းက သင့် Steam System တစ်ခုလုံးကို ( Carbon dioxide + Oxygen = Carbonic Acid ) ဖြစ်စေပြီး သက်တမ်းတိုအတွင်း System တစ်ခုလုံး ကို ပျက်စီးစေပါတယ်။

Fresh feed water ကို PH 8 to 9.5 ( Average Standard of Operation Boiler Feed Water  PH 8 to 9.5 but Need to Follow Boiler Supplier Instruction )အထိ မြှင့်တင်ပြီး Deaerator အတွင်း Direct Steam Heating  System ဖြင့် Feed  Water Temperature 102-5’C မြှင့်တင်ကာ (Zero Oxygen in Water Temperature at 100’C )  အထူးပြုလုပ်ထားသော Deaerator မှ အောက်စီဂျင် နှင့် အခြား မပျော်ဝင်နိုင်သော ဒြပ်ဆင်များကို အငွေ့ဖြစ်စေခြင်းဖြင့် အစဉ်မပျက် Boiler မောင်းနှင်ချိန်အတွင်း ဖယ်ထုတ်နေခြင်းကို Deaerator မှလုပ်ဆောင်ပါတယ်။

Deaerator Boiler Feed Tank က Mechanical နည်းစနစ်ဖြင့်တည်ဆောက်ထားကာ Oxygen နှင် Non-cond- ensation Gas ကိုအဆက်မပြတ် ဖယ်ထုတ်တဲ့နည်းစနစ်ဖြစ်တာကြောင့် စတင်တည်ဆောက်ချိန်မှာ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့သာ အနည်းငယ် များပေမဲ့  Oxygen Scavenging Chemical ရေရှည်အသုံးပြုခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ စားရိတ်နည်းပါးပါတယ်။

Deaerator Feed Tank တစ်ခုအတွင်းမှာတော့ –

  • Water Storage Tank
  • Deaerator Head or Automatic Spray System
  • Oxygen and Non-Condensate Vent
  • Automatic Direct Steam Injector
  • Condensate Return
  • Flash Steam Condensation System
  • Continuous Automatic Level Control
  • Fresh Water Limit Control
  • Over Flow with Vessel Pressure Control
  • Pressure Safety Relief Valve
  • Vortex Control
  • Pressure and Level Gauges
  • Vacuum Breaker
  • Strainer

အစရှိတဲ့ အခြေခံအမျိုးအမည် ပစ္စည်းတွေပါဝင်ပြီး မိမိ Plant Energy Saving & Managing System ပေါ်မူတည်ပြီး Flow Metering , Waste Heat Recovery , TDS Sensor , Automatic Un-Clean Condensate water discharge အစရှိသည်တို့ကိုလည်း တပ်ဆင်အသုံးပြုကြပါသေးတယ်။

Remark :

  • Oxygen in Steam is the Biggest Insulation for Heat Transfer to Process Media
  • Condensate is Hot and Chemically Treated, More Condensate is Returned to be Less Chemically Treatment for Fresh Feed Water