Safety Valve

System safety တခုလုံး အတွက် ဘယ်လောက်
အရေးပါသလဲ ?

System safety တခုလုံး အတွက် ဘယ်လောက်
အရေးပါသလဲ ?
Safety Valve မိမိတို့ စက်ရုံမှာတပ်ဆင် အသုံးပြုထား တဲ့ Process System ကို အပိုင်းအလိုက် Over Pressure or Vacuum ကြောင့် ပျက်စီး ဆုံးရှုံးမှု နှင့် လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်နေသူများကို ထိခိုက်မူတစုံတစ်ရာ မ ဖြစ်စေရန် အတွက် တပ်ဆင် အသုံးပြုကြပါတယ် ။
Safety Valve ကို U.S မှာတော့ Safety Valve , Relief Valve , Pressure Relief Valve လို့လဲခေါ်ကြပြီး Steam ၊Compressed Air ၊ Liquid System နှင့် Compressible Fluid System များတွင် သတ်မှတ်ခံနိုင် သော ဖိအား ၊ အပူချိန် နှင့် Thermal Expansion Duty ကြောင့်
မပျက်စီးစေရန် အတွက်တပ်ဆင်ကြ ရပါတယ်။
ရှေးယခင် က Industrial Revolution ခေါ် စက်မှု တော်လှန်ရေး
စတင်ပြောင်းလဲခဲ့တဲ့ ခေတ်မှ စတင်ပြီး Steam Boiler များ ပေါက်ကွဲမူမဖြစ်စေရန် စတင်တီထွင် တပ်ဆင်ခဲ့ပြီး ယနေ့ ခေတ်မှာတော့
CIP ( Clean-in-place ) or SIP ( Sterilization-in-place ) 95° C အထိ အပူပေးထား သော ရေပူ ၊ သန့်စင်အောင် စစ်ယူထားသော Filter Steam တို့ဖြင့် ပိုးသတ်ခြင်း ၊ သန့်ရှင်းစေခြင်းကြောင့်ဖြစ်ပေါ်လာသော Vacuum Pressure ကလည်း ကြီးမား တဲ့ လှောင်ကန်ကြီး များကို လွယ်ကူစွာ ပျက်စီးစေတဲ့ အတွက်ကြိုတင်ကာကွယ်ခြင်း အတွက်ပါ တပ် ဆင် အသုံးပြု လာခြင်း အပြင် ( Compressed Pressure ) ဖိအားမြင့် မောင်းနှင်တဲ့ Fluid System ၊ Gas ၊ Vapor ၊ Steam အစရှိတဲ့ System များမှာလည်းပျက်စီး မူ ကို ကာကွယ်ရန် တပ်ဆင် အသုံးပြုကြပါတယ်။
History of Safety Valve
Safety Valve ကို 1679 ခုနှစ် မှာတော့ သတ်မှတ်ထားတဲ့ ( Weight to Retain the Pressure ) ဝိတ်တုံး နှင့် ဖိနှိပ်ထားတဲ့ Design ကို စတင် အသုံးပြုခဲ့ ကြပြီး လှုပ်ရှားမူများ တဲ့ နေရာများ မှာတော့ ဝိတ်ရဲတည်ငြိမ်မူ ကို မ ရရှိစေပဲ မလိုအပ်ပဲ မကြာခဏ ပွင့်တတ်တဲ့အတွက် ၊ တည်ငြိမ်မူကို ပိုမို ရရှိစေတဲ့ ( Temper-Proof Spring Safety Valve ) ကိုတော့ Mr John Ramsbottom က 1856 ခုနှစ် မှာ တည်ထွင်ခဲ့ပြီး ယနေ့တိုင် Industrial လုပ်ငန်းတိုင်း မှာ Safety အတွက် ကျွန်တော်တို့ အသုံးပြုနေကြပါတယ်။
International Standard Relating of Safety Valve
ကွဲပြာခြားနားတဲ့ နိုင်ငံ အသီးသီးမှာတော့ Safety Valve အတွက် သတ်မှတ်ထားတဲ့ Standards တွေက လည်း အနည်းငယ် ကွဲပြားမူတော့ ရှိပါတယ်။
( 1 ) Australia = SAA AS1271
( 2 ) EU = EN ISO 4126 ကတော့ တူညီအောင် ညှိနှိုင်း ထားတဲ့ British Standard BS6759 ၊ French Standard AFNOR NFE-E 29-412 မှ 416 နှင့် 421 ပါဝင်ထားတာ ဖြစ်ပါတယ်။
( 3 ) Germany = AD Merkblatt A2 / TRD 41 / TRD 721
( 4 ) Japan = JIS B 8210
( 5 ) Korea = KS B 6216
( 6 ) USA = ASME I / ASME III / ASME VIII / API RP 520 / API RP 521 / API STD 526 / API STD 527 / PTC 25.3
ဆိုပြိး နိုင်ငံ အလိုက်ကွဲပြားတဲ့ Standard တွေက Safety Valve တွေရဲ့ Flanged နှင့် Valve တွေရဲ့ အတွင်း ပိုင်း Seat တွေမှာ ကွဲပြားမူရှိ နေခြင်းပါပဲ။U.S Standard ( ASME ) ကိုတော့ အများအားဖြင့် Oil Refinery များမှာ ပိုမို တွေွှ့ ရပြီး EU Standard ( DIN ) Industrial Field တိုင်း မှာ ပိုမို တပ်ဆင်လေ့ရှိပါ တယ် ။
Safety Valve က ဘယ်လုပ်ငန်းတွေ မှာ အတပ်များ သလဲ ?
– Food & beverages
– Power plant & renewable energy
– Steel work
– District heat
– Building materials
– Wood , pulp and paper
– Tyre’s
– Hot water & Steam
– Thermal oil
– Refrigeration
– Chemical Industry
– Plant Engineering
– Shipbuilding
– HVAC အစရှိတဲ့ Industrial လုပ်ငန်း အမျိုးမျိးမှာ နေရာ အလိုက်
ကွဲပြားစွာ တပ်ဆင် အသုံးပြုကြ ပါတယ်။
Safety Valve ကို ဘယ်လို ရွေးချယ်ရ မလဲ။
– မိမိ အသုံးပြုလိုတဲ့ နေရာ မှာ မှန်ကန်တဲ့ Material Selection ကို မှန်ကန်စွာရွေးချယ်ရပါမယ် ၊ မှားယွင်းရွေး ချယ်မူကကြာရှည် အသုံးခံနိုင်မူနှင့် ကုန်ကျငွေ များပြားမူကို လည်းဖြစ်စေပါတယ်။
– Flow rate က လည်း မိမိ Setting ချိန် ထားတဲ့ point မှာ မှန်ကန်တဲ့ Flow rate ကို စီးဆင်း စေရမှာဖြစ်ပြီး ၊ sizing သေးငယ်သွားခြင်း ကလည်း ပင်မပစ္စည်း ကို ပျက်စီးစေနိုင် သလို ၊ မလိုအပ်ပဲကြီး နေပါကလည်း Safety Valve တန်ဖိုးကိုမြင့်တက်စေပါတယ်။
– Safety Valve ၏ Seat ကို ရွေးချယ်ရာ မှာ လည်းအရေးကြီးပြီး မိမိ Valve Repaid ပြန်လည် အသုံးပြုနိုင်ခြင်း အပြင် Zero Leakage ဖြစ် ဖို့ လဲ လိုအပ်ပါတယ် ၊ Seat ကို ရွေးချယ်ရာမှာတော့ အပူနှင့်ဖိအား ခံနိုင်မူကို တွက်ဆပြီး Metal seat ၊ EPDM seat ၊ VITON seat ၊ NITRILE seat အပြင် ARI Amateuren ( Germany ) ကတော့ Safety Valve ကို Temperature 200’C ထိ ခံနိုင် သော Soft Seat – SHR series ကို
ထုတ်လုပ်ခဲ့ ပါတယ်။
– Setting point ကို တော့ အသုံးပြုသူ က အများအားဖြင့် Factory tasted setting အနေနဲ့ မှာယူတပ်ဆင် ကြ လေ့ ရှိပြီး ၊ internal spring range အတိုင်း လဲ မိမိ setting ကို ပြောင်းလဲချိန်နိုင်ပါတယ်။
See Best & Beautiful Safety Valve We Supply To Myanmar !!!!!!!
More Info :
Myan Steam Co. Ltd
admin@myansteam.com
09 262 707 732
Bld Q – Room No.3 , Thiri Yadanar Wholesales Market , Thudamar Road , North Okklapa Township , Yangon , Myanmar.