Steam Trap

Industrial Steam Trap

Steam Trap တွေက ရေနွေးငွေ့မှ ရေ ( Condensate Foaming ) ဖြစ်လာတိုင်း ၊ ရေကို အပူကူး နေရာ ( Heat Transfer Chamber ) အတွင်း အချိန်ပိုင်းမျှ ထိန်းထား ခြင်း ၊ ချက်ချင်း ဖယ်ထုတ်ပစ်လိုက်ခြင်း ( Holding , Straightly Discharging ) တို့ကို လုပ်ဆောင်နိုင်ခြင်းတို့ အပြင်၊ အရည်ပြန် မဖြစ်နိုင်သောအငွေ့ ( Non-Condensation Gas ) များကို Heat Transfer Area မှ ထုတ်ပစ်ခြင်း နှင့် Live Steam ကို လည်း မဆုံးရှုံးစေရန် အတွက် တည်ဆောက်သူ ( Design Engineer ) များမှ တွက်ချက် တည်ဆောက်ခဲ့ကြပါတယ်။
အသေးစိတ်နေနဲ့ ကတော့ –
– Condensate ဖြစ်တိုင်း System မှ ထုတ်ပစ်နိုင်ခြင်း ။
– Live Steam ဆုံးရှုံးမှု မဖြစ်စေခြင်း နှင့် လျှင်မြန်စွာအပူစီးဆင်းစေခြင်း။
– Non Condensation gas လို့ ခေါ်တဲ့ ရေတွင် မပျော်ဝင်စေတဲ့ Gas တွေကို System မှ ထုတ်ပစ်ခြင်း တို့ ကို အကြိမ်ကြိမ် ပြုလုပ်စေခြင်း က တော့ Steam Trap တွေရဲ့ လုပ်ဆောင်မှုတွေပါပဲ။
Steam Trap တွေရဲ့ အခြေခံအလုပ်လုပ်ပုံ
Steam ( ရေနွေးငွေ့ ) နဲ Condensate ( ရေ ) ဖြစ်တည်မှုကြားက ပြောင်းလဲမှု အပေါ် မူတည်ပြီး Steam Trap တွေက အလုပ်လုပ်ကြရပါတယ်။
ရေနွေးငွေ့ဖြစ်စဉ်တခုမှာ အဆပေါင်း 1600 ( @ 0 BarG ) ရှိတဲ့ ရေနွေးငွေ့ဟာ မူလရေထုထည်ထက် ပိုမိုကြီးမား နေတဲ့အတွက် ရေ အဖြစ် ပြောင်းလဲသွား စဉ် ( Condensate Forming ) မူလ တစ်ဆ ကို တော့ အနိမ့် ဆုံး နေရာကသာ ထုတ်ယူကြပါတယ်။ ရေနွေးငွေ့ ရဲ့ ဖိအားပြောင်းလဲမှု ကလည်း မိမိ အပူ ကူးယူလိုတဲ့ ထုတ်ကုန် အပေါ် မူတည်ပြီး အပူ ကူးယူမှုကို တွက်ချက်တာ ဖြစ်လို့ Steam Trap ရွေးချယ်မှုကလည်း အလွန်အရေး ပါလှပါတယ်။
Steam Trap တွေကို ဖော်ပြပါ အဓိက အမျိုး အစားကွဲများဖြင့် အသုံးပြုကြပါတယ်။
– Mechanical Type
– Thermodynamic Type
– Thermostatic Type
Design Engineer မှ Condensate ဖြစ်ပေါ်မှု ၊ ထုထည် ၊ ဖိအားပြောင်းလဲမှု ၊ ရေပြန်မဖြစ်စေသောအငွေ့များဖယ်ထုတ်နိုင်မှု ၊ ရေကိုထုတ်ပြစ်နိုင်သောအချိန် ၊ အပူကူးယူစဉ်အတွင်း အပူကိုမျာစွာကူးယူစေသောရေငွေ့ဖြစ်တည်မှု စတဲ့ အချက်တွေကို မူတည်ပြီး တည်ဆောက်ထားတဲ့ ပုံစံ ၊ မိမိ System နှင့် အသုံးပြုရန် သင့်တော်တဲ့ ပုံစံ များကို ရွေးချယ် တပ်ဆင်ကြရပါတယ်။
Steam Trap တွေ ကောင်းမွန်စွာ အလုပ် လုပ် ၊ မလုပ် ဘယ်လို စစ်ဆေးကြမလဲ ။
– အမြင်ဖြင့် သိရှိစေခြင်း ( Visual Methods )
ကျွမ်းကျင်သူများ ကတော့ Live steam နှင့် Flash steam ကို ခွဲခြားနိုင် တဲ့ အတွက် Steam Trap ရဲ့ performance ကို မြင်နိုင်တဲ့ မှန် ပါ ( Sight Glass ) ကို တပ်ဆင် ကာ ခွဲခြား ကြပါတယ်။
– အသံကြား ကိရိယာဖြင့် စစ်ဆေးခြင်း ( Sound Methods )
စက်မှု ပစ္စည်းများဖြင့် သာ တည်ဆောက်ထားသော Steam Trap တွေရဲ့ မှန်ကန်စွာ လူပ်ရှားနေမှုကို အသံလှိုင်းများအဖြစ်ပြောင်းလဲကာ ( Sonic and supersonic frequencies ) နားထောင်စေခြင်းဖြင့်လည်း မှန်ကန်စွာ အလုပ် လုပ်ခြင်း၊ မလုပ်ခြင်း ကိုလည်း ခွဲခြားနိုင်ကြပါတယ်။
– အပူချိန်ပြောင်းလဲမှုကို စစ်ဆေးခြင်း ( Temperature Method )
ဒီစစ်ဆေးမှု ကတော့ ပုံမှန် အသုံးပြုသူများအတွက် ရေနွေးငွေ့ နှင့် ရေ ဖြစ်စဉ်အတွင်း ပြောင်းလဲမှု ၊ ထိန်းချုပ် အပူချိန် မတည်ငြိမ် ပြောင်းလဲမှု ကို သိရှိစေတာဖြစ်ပါတယ်။
Why you need saving energy with Myan Steam?
Steam Trap တွေရဲ့ မှန်ကန်တဲ့ ရွေး ချယ်မှု ၊ Top Manufacturer မျာ ရဲ့ Professional Technical Legal Authorized ပစ္စည်းများ ရွေးချယ် တပ်ဆင်နိုင်မှု ရှိခြင်း ၊ ကြိမ်ဖန်များစွာ လူပ်ရှားမှုများ ကို မတူညီဖိအား ပြောင်းလဲ မှု အတွင်း ကြာရှည်တည်တန့် နိုင် တဲ့ Global Brand များ ကို သာ အသုံးပြုထားခြင်းတွေ က သင့်လုပ်ငန်း 100% အောင်မြင်စေရန် အတွက် မှန်ကန် တဲ့ ရွေးချယ်မှု ဆိုတာ မမှားပါ ဘူး ။ မလိုအပ်ပဲ ထုတ်ကုန် ထုတ်လုပ် မှု အချိန် နှောင့်နှေးနေခြင်း ၊ အပူချိန် ပြောင်းလဲ မှု ကြောင့် ထုတ်ကုန် အရောင် ပြောင်းလဲနေခြင်း ၊အရသာ ပြောင်းလဲနေခြင်း ၊ အပူကူးမှု နှောင့်နှေးနေ ခြင်း တို့ က မလိုအပ်ပဲလောင်စာများစွာ ဆုံးရှုံး စေတဲ့ အတွက် Saving today က Success tomorrow ပါပဲ ။
Start business together “ Win – Win Solutions “ with “ Myan Steam “ Today !
Myan Steam Co. Ltd
admin@myansteam.com
09 262 707 732
Bld Q – Room No.3 , Thiri Yadanar Wholesales Market , Thudamar Road , North Okklapa Township , Yangon , Myanmar.