TYPE OF STEAM

DIFFERENT TYPE OF STEAM

သိထားသင့်သော ရေနွေးငွေ့  အမျိုးအစားများ 
( Knowledge About Different Type Of Steam )

ကျွန်တော်တို့ အသုံးပြုနေတဲ့ Steam ကို အသုံးပြုထားတဲ့ စက်ရုံထုတ်ကုန် အမျိုး အစားပေါ် မူတည်ပြီး

( 1 ) လုပ်ငန်းသုံး အမျိုးအစား ( Plant Steam )
( 2 ) မိုက်ခရို ဇကာ နှင့် စစ်ထားသော အမျိုးအစား ( Filtered Steam )
( 3 ) သန့်စင်ထားသော အမျိုးအစား ( Clean Steam )
( 4 ) အထူးသန့်စင်ထားသောအမျိးအစား ( Pure Steam ) ဆိုပြီး အမျိုးအစားကွဲများရှိပါတယ် ။

ဒီလို အမျိုးအစားတွေ ကို ဘယ်မှာ အသုံးပြုကြ သလဲ ?

( 1 ) Plant Steam

အများဆုံးစက်မူလုပ်ငန်းများ မှာ အသုံးပြု ကြပြီး ရေနံချက်လုပ်ခြင်း ၊ ဓါတ်မြေသြဇာ ထုတ်လုပ်ခြင်း ၊ အထည် ချုပ် စက်ရုံများ ၊ လျှပ်စစ်စွမ်းအင်သုံး တာဘိုင်များ ၊အထည် ဆေးဆိုး လုပ်ငန်းများ ၊ တာယာ နှင့် ရာဘာ ထုတ် စက်ရုံများ ၊ ရေနွေး  ငွေ့  နှင့် တိုက်ရိုက် မထိနိုင်သော အပူပေးချက်လုပ်သည့်ထုတ်ကုန် အမျိုးမျိုး ၊ အပြင်များစွာ သော လူသုံးကုန်သုံး ပစ္စည်းအမျိုးကို Plant Steam ကို အသုံးချပြီး ချက်လုပ်ကြပါတယ် ။ Plant Steam က ဘွိုင်လာတွင်း oxygen အနည်းဆုံးဖြစ်  စေရန်နှင့် Contamination ခေါ် ရေမျက်နှာပြင်တွင် အမြုပ်ထခြင်း နည်း စေရန်သာပြင်ဆင်ထားတဲ့ ရေကို ဘွိုင်လာတွင်း ဖြည့်သွင်းကာ မောင်းနှင်ခြင်းဖြစ်တဲ့ အတွက် စားသောက်ကုန် ထုတ် ပစ္စည်းများ နှင့် တိုက်ရိုက်ထိတွေ့  ချက်ပြုတ်ခြင်း ကို နိုင်ငံတကာ FDA Standard အရ ခွင့်မပြုပါဘူး ။

( 2 ) Filter Steam

ကတော့ အလွန်သေးငယ်တဲ့ အပေါက်လေးတွေနဲ့ တည်ဆောက်ထားတဲ့ စတီးဇကာ နဲ့ စစ်ထားပြီး ဇကာရဲ့  အ ပေါက်ကလေးတွေ က 5 Micron ထိသေးငယ် ပါတယ် ( 1 mm = 1,000 Micron ) ၊ ဇကာ တပ်ဆင် ပြီး နေရာမှစပြီး နောက် အခြား Product နှင့် ထိတွေ့သည့် အပိုင်းအားလုံးကိုလည်း Stainless Steel ကိုသာ အ သုံးပြုကြပါတယ် ။ Filter Steam ကို တော့ ထုတ်လုပ်သည့် ထုတ်ကုန် နှင့် တိုက်ရိုက်ထိတွေ့စေပြီး ထုတ်လုပ် ၊ ပိုးသတ်ခြင်း တို့ကို လုပ်ဆောင်စေပါတယ် ။
Filter Steam အသုံးပြုတဲ့ ထုတ်ကုန်တွေ ကတော့ မိတ်ကပ်နှင့် အလှကုန်သုံး ပစ္စည်းအမျိုးမျိုးထုတ်လုပ်ခြင်း၊ ကလေးသုံး Lotion ထုတ်ကုန်များ ၊ အခြောက်ခံ စားသောက် ထုတ်ကုန် အမျိုးမျိုး ၊ ပုလင်း နှင့် ထုတ်ပိုးဗူးများ ပိုးသတ်ခြင်း ၊         စည်ဘီယာ ထည့်ဖြန့်ဖြူးသည် Keg များ ပိုးသတ်ခြင်း ၊ အသား၊ ငါး ၊စည်သွတ် လုပ်ငန်းများ နှင့် အမျိုး မျိုး သော လူသုံး ကုန် ပစ္စည်းများ ထုတ်လုပ်ရန် အတွက် Filter Steam နှင့် တိုက်ရိုက် ထိတွေ့  ထုတ်လုပ်သည့် နေရာများမှာ အသုံးပြုကြ   ပါတယ် ။

( 3 ) Clean Steam

ရေကို Reverse Osmosis ( RO ) ပြုလုပ်ထားပြီး အထူးမျက်နှာပြင် polishing ပြုလုပ်ထားတဲ့ စတီးများဖြင့် သာ တည်ဆောက်ထားသော Re-Boiler ခေါ် Heat Exchanger ( Pressure Vessel ) အတွင်း Plant Steam ဖြင့် အပူပေးကာ Clean water ကိုပြန်လည် ဆူစေပြီး သန့်စင်တဲ့ Clean Steam ကို ထုတ်ယူစေပါတယ် ။ Clean Steam System တခုလုံးကိုတော့ အထူးပြုလုပ်ထားတဲ့ High Grade Stainless Steel များဖြင့်သာ တည်ဆောက်ထားပြီး ၊ ဆေးရုံ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ ပိုးသတ် ခြင်း ၊ ဓါတ်ခွဲခန်း နှင့် ဆေးဝါး ထုတ်လုပ်ခြင်း အခန်းများ အတွက် လေဝင်ထွက် စံနစ်များ ၊ နို့မှုန့်  နှင့် နို့ထွက် ပစ္စည်းများထုတ်လုပ်ခြင်း ၊ Herbal  Medicine  product များ ၊ ကလေး ၊ လူကြီး အထူးပြု ဆေးဝါး  နှင့်          စားသောက်ကုန်များ အစရှိတဲ့ ထုတ်ကုန် အမျိုးမျိုး တို့ အတွက်အသုံးပြုကြပါတယ် ။

( 4 ) Pure Steam

Water For Injection ( WFI ) ဆေးထိုးရာတွင် အသုံးပြုသော မိုးရေ (ခေါ်) အထူးပြု လုပ်ထားသော ထိုးဆေး နှင့် ရော စပ် သုံးတဲ့ ထုတ်ကုန် များ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ် ။ Clean Steam product တွေမှာတော့ RO စနစ် နဲ့ ရေကို သန့်စင်ထားတာဖြစ်လို့ ( Impurities ) ခေါ် ရေတွင်းပါဝင်နေတဲ့ ဓါတ်သတ္တု များအပြင် Natural Organic များကို ပါ Semi-Permeable Membrane က စစ်ယူလိုက်တာပါ ။ Pure Steam အတွက် ကတော့ Japan Industrial Standard ( JIS ) အနေနဲ့ဆိုရင်တော့ Low Total Organic Carbon က သတ် မှတ်ထားသည့် အဆင့်အတိုင်းကာဗွန် နှင့် အော်ဂန်းနစ်ကလည်း သတ်မှတ် အချိုးအတိုင်း ပါဝင်ရမှာ ဖြစ်တဲ့ အ တွက်ရေသန့်စင် စံနစ်ကိုတော့ Carbon Treatment, UV Treatment ( or ) Ultra-Filtration အစရှိတဲ့ စံနစ် အမျိုးမျိုး နှင့် သန့်စင်ထားတဲ့ရေကို Re-Boiler ခေါ် Heat Exchanger များ နှင့် Pure Steam ကိုထုတ်ယူပါ တယ် ။ ထုတ်လုပ်ရာ အပိုင်းတစ်ခုလုံးမှာ အသုံးပြုတဲ့ Material တွေကတော့ Clean Steam ထုတ်လုပ်သလိုပဲ မျက်နှာပြင် အထူးပြုပြင်ထားတာဖြစ်ပြီး ၊ System တခုလုံးမှာ တူညီတဲ့ အပူစီးဆင်းမှု  နှင့် Carryover မဖြစ်စေ ရန် Design ဆွဲထားတာ ဖြစ်ပါတယ် ။

Just an information of knowledges for basic understanding . More in detail- study with thermodynamic or chemical engineering .
Myan Steam Co. Ltd 
info@myansteam.com
09 262 707 732